ပျဉ်းမနား ဒီဇင်ဘာ ၈



ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုဝင်ဘာ(၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်နေ့အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအစီအစဉ်အား နေပြည်တော် အမျိုးသမီးကော်မတီဝင်များနှင့် ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း(နေပြည်တော်)တို့ ပူးပေါင်း၍ အမျိုးသမီးများနှင့် မိန်းကလေး များအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေး ဟောပြောပွဲအား ပျဉ်းမနားမြို့နယ်ဥပဒေရုံးမှ ဒု-မြို့နယ်ဥပဒေအရာရှိ ဒေါ်သဉ္ဇာလှိုင်က ပေါင်းလောင်းရပ်ကွက် Ball Room ခန်းမ၌လည်းကောင်း၊ ဒု-မြို့နယ်ဥပဒေအရာရှိ ဒေါ်ဇင်မာဦးက နတ်သူရဲအုပ်စု၊ တာတိုင်ရွာတွင် လည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းစဉ်
