ထိရောက်သည့် တရားစွဲဆိုခြင့်ဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တုံ့ပြန်ရေးသင်တန်းအား မကွေးတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများအား သင်တန်းပို့ချ

 မကွေး နိုဝင်ဘာ ၃၀

 

နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ပြုလုပ်သော ထိရောက်သည့် တရားစွဲဆိုခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတုံ့ပြန်ရေးသင်တန်းနှင့် စပ်လျဉ်း၍ နိုဝင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ သင်တန်းကို မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မေသူအောင်ကလည်းကောင်း၊ နိုဝင်ဘာလ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့ထိ သင်တန်းကို ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်ဂင်စောကလည်းကောင်း တက်ရောက်ခဲ့ပြီး အဆိုပါ သင်တန်အား မကွေးတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများကို  ပြန်လည်ပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)