မူလတန်းအဆင့်ဘောလုံးနှင့် ဂီတအကယ်ဒမီ အခြေခံသင်တန်းဖွင့်ပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး လက်ထောက်ပြည်နယ်ဥပဒေအရာရှိ ဦးတင်မင်းဦး တက်ရောက်

ဘားအံ၊ ဒီဇင်ဘာ ၇

၇.၁၂.၂၀၁၈ ရက်နေ့ နံနက်(၉:၀၀)အချိန် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဘားအံမြို့၌ မူလတန်းအဆင့်ဘောလုံးနှင့် ဂီတအကယ်ဒမီ အခြေခံသင်တန်းဖွင့်ပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး လက်ထောက်ပြည်နယ်ဥပဒေအရာရှိ ဦးတင်မင်းဦး တက်ရောက် ခဲ့ရာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်၊ Ooredoo Myanmar ဆက်သွယ်ရေးမှ တာဝန်ရှိသူများ၊ UHM Family ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)