ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် “သတိပဌာန်ရှုဒေါင့်မှ ဥပဒေနှင့် စိတ်ခံစားမှုကို သုံးသပ်ခြင်း” တရားပို့ချဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ  ၁၆

          ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော်၊ ရှမ်းပြည်နယ် ဗုဒ္ဓ တက္ကသိုလ်၏ ပါမောက္ခချုပ် အဂ္ဂမဟာ သန္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ပါမောက္ခ ဒေါက်တာဓမ္မသာမိ Doctor of Philosophy – Oxford အရှင်သူမြတ်က “သတိပဌာန်ရှုဒေါင့်မှ ဥပဒေနှင့် စိတ်ခံစားမှုကို သုံးသပ်ခြင်း” (Mindfulness, Law and Emotion)   တရားပို့ချဆွေးနွေးပွဲကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။

          တရားပို့ချဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တရားချစ်ခင်မြတ်နိုးသူများ တက်ရောက်၍ ရိုသေစွာ လေ့လာနာယူကြည်ညိုကြပြီး သိရှိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ  အောက်စဖို့ဒ် ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ က ပြန်လည်ရှင်းလင်းမိန့်ကြားခဲ့ပါသည်။

          ထို့နောက် ဆရာတော်ထံ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဇနီး၊ တရားနာ ကြွရောက်လာကြသူများက အလှူငွေများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် သင်္ကန်းများကို ဆပ်ကပ် လှူဒါန်းခဲ့ကြပါသည်။ ယင်းနောက် ဆရာတော်ထံမှ သာဓုအနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါသည်။

                                                                                                                            (သတင်းစဉ်)