ပြည်ထောင်စုရှေ့နေချုပ်သည် MyJustice မှ Team Leader Ms. Caitlin Reiger နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၂၃ ဇန်နဝါရီ

      ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် MyJustice မှ Team Leader   Ms.Caitlin Reiger နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

         ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်က တရားဥပဒေစိုးမိုးရေးသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပါကြောင်း၊  ဥပဒေအသိပညာ ပေးရေးနှင့် တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် MyJustice တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခဲ့ ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့၏“ ပြည်သူအတွက်တရားမျှတမှု ” မဟာဗျူဟာစီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ပါသည်။ MyJustice မှ Team Leader  က MyJustice Programme ၏ ဒုတိယ ၅ နှစ် စီမံကိန်းကို ဆက်လက်တိုးမြှင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းအရ ဥပဒေ အသိပညာပေးခြင်း၊ ဥပဒေဆိုင်ရာ အထောက်အကူပေးခြင်း၊ တရားမျှတမှု လက်လှမ်းမီရေး အတွက် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အစိုးရ၏ တရားမျှတမှု ကဏ္ဍမူဝါဒများ ချမှတ်ရေးတွင် ပံ့ပိုးကူညီခြင်းတို့ကို အကောင်အထည်ဖော်မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြရာ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြပါသည်။

        အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုလှိုင်တို့  တက်ရောက်ခဲ့ ကြပါသည်။

                                                                                                                            (သတင်းစဉ်)