လှိုင်းဘွဲ့၊ ဇန်နဝါရီ ၁၅

(၁၅.၁.၂၀၁၉) ရက်နေ့ နံနက်(၉:၀၀)အချိန် အ.ထ.က၊ လှိုင်းဘွဲကျောင်း၌ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားတွင် လှိုင်းဘွဲမြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းနှင်းဝင်းမှ ပါဝင်ဟောပြောခဲ့ရာ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
