နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် The International Legal Found- ation(ILF)မှ Executive Director, Ms. Jennifer Smith နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၀: ၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဥပဒေ ဆိုင်ရာ အထောက်အကူ ပေးရေးစနစ် ထိရောက်အောင်မြင်ရေးအတွက် ILF မှ ကူညီ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပါဝင်ဆောင်ရွက်နေမှုများ၊ အမှုဖြင့် စုံစမ်းစစ်ဆေးခြင်း အဆင့်နှင့် တရားစွဲဆိုခြင်း အဆင့်တို့တွင် ဥပဒေဆိုင်ရာ အထောက်အကူများ ရရှိနိုင်ရေးနှင့် တရားမျှတမှုကို အားလုံး လက်လှမ်းမီရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးနှင့် သက်ဆိုင်သည့် အစိုးရဌာန အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ သင်တန်းများ ကျင်းပ နိုင်ရေးနှင့် နိုင်ငံတကာ လက်တွေ့ကျင့်သုံးမှုများကို လေ့လာနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
