ဘားအံ၊ မတ် ၁၉ ရက်


(၁၉.၃.၂၀၁၉) ရက်နေ့ နံနက်(၁၀:၃၀)အချိန် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားဖွင့်ပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေးနှင့် ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်တို့မှ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ရာ ထိုင်းနိုင်ငံဆိုင်ရာ အကြီးအကဲများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ဌာနဆိုင်ရာဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
