ဘားအံ ၊ မတ် ၂၃ ရက်

(၂၃.၃.၂၀၁၉) ရက်နေ့ နံနက်(၇:၀၀)အချိန် ကရင်ပြည်နယ်သီရိကွင်း၊ ကန်သာယာနှင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီးတို့၌ မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဥပဒေချုပ်ဦးစောချစ်မြင့်လေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်၊ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး၊ ဘားအံခရိုင်ဥပဒေရုံးနှင့် ဘားအံမြို့နယ်ဥပဒေရုံးတို့မှ အရာရှိများ၊ ဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
