ဘားအံ၊ မေ ၂၃ ရက်

(၂၃.၅.၂၀၁၉) ရက်နေ့ နံနက်(၁၀:၀၀)အချိန် ဇွဲကပင်ခန်းမ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးငယ်များအား ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး ထောက်ပံ့ငွေတက်ရောက်ပေးအပ်ခဲ့ရာ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
