လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပပြုလုပ်

တောင်ကြီး၊ ဇူလှိုင် ၁ ရက်

 

 

       ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲအတွေ့အကြုံ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို(၁-၇-၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးရှိ ဥပဒေအရာရှိများ၊ ရှမ်းပြည်နယ် (တောင်/အရှေ့ ပိုင်း)အတွင်းရှိ ဥပဒေအရာရှိများ စုစုပေါင်း(၆၉)ဉီး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားတွင်  ရှမ်းပြည်နယ်ဥပဒေချုပ် ဉီးတင်ဉီးမှ အဖွဲ့အမှာစာကားပြောကြားခြင်း၊ ရှမ်းပြည်နယ် ဥပဒေအရာရှိ၊ ဉီးတင့်ဝေမှ (၂-၆-၂၀၁၉)ရက်နေ့က ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ပြောကြားခဲ့သော ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၏ အမှာစကားများကို ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)