လူထုလှုပ်ရှားမှုအသွင် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲ သို့ တက်ရောက်

ဘားအံ၊ ဇွန် ၁၉ ရက်


(၁၉.၆.၂၀၁၉) ရက်နေ့ နံနက်(၇:၀၀)အချိန် ဘားအံ-မော်လမြိုင်ကားလမ်းမကြီးဘေး၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်မြောက် မွေးနေ့အထိမ်း အမှတ် Green Enviroment Campaign လူထုလှုပ်ရှားမှုအသွင် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ကရင်ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်တို့ တက်ရောက်သစ်ပင်စိုက်ပျိုးခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)