ဘားအံ၊ ဇွန် ၂၅ ရက်

(၂၅.၆.၂၀၁၉) ရက်နေ့ နံနက်(၉:၀၀)အချိန် ဘားအံမြို့၊ သီရိဘားအံဟိုတယ်၌ ‘‘ အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု ’’ ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ကရင်ပြည်နယ် ဥပဒေအရာရှိ ဦးရဲလွင်၊ ဘားအံခရိုင်ဥပဒေအရာရှိ ဦးစောစံဝင်း၊ ကော့ကရိတ်ခရိုင်ဥပဒေအရာရှိ ဒေါ်မြင့်မူ၊ မြ၀တီခရိုင်ဥပဒေအရာရှိ ဦးစောသိန်းဖေမြင့်နှင့် ဖာပွန်ခရိုင်ဥပဒေအရာရှိ ဦးဆွေလွင်ထွန်းတို့ တက်ရောက်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ UNDP ကိုယ်စားလှယ်များနှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
