ဘားအံ၊ ဇွန် ၂၉ ရက်

(၂၉.၅.၂၀၁၉) ရက်နေ့ နံနက်(၉:၀၀)အချိန် ဘားအံမြို့၊ ဟိုတယ်သံလွင်ပါရာဒိုက်၌ အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းမှုလျှော့ချရေး ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားတွင် ဘားအံမြို့နယ်ဥပဒေရုံး၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးရဲ၀ဏ္ဏထွဋ်မှ ရာဇသတ်ကြီးပုဒ်မ ၃၅၄၊ ၅၀၉၊ ၄၁၇၊ ၃၇၆ ပါ ပြစ်မှုနှင့်ပြစ်ဒဏ် များအား ပါဝင်ဟောပြောခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
