ကယားပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

ဖားဆောင်း၊ ဇွန် ၂၇ ရက်

       ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသ ၊ ကယားပြည်နယ် တရားဥပဒေစိုးမိုးရေးဌာန နှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ ဥပဒေအသိပညာပေး ဟောပြောပွဲ ကို ၂၀၁၉ ခုနှစ် ၊ ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ဖားဆောင်းမြို့နယ် ၊ မော်ချီးကျေးရွာ ၊ လိုခါးလိုဒေသစုဝေးခန်းမတွင်ကျင်းပရာမော်ချီးဒေသနေပြည်သူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် ကယားပြည်နယ် တရားဥပဒေစိုးမိုးရေးဌာန နှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ခေါင်းဆောင် ပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံက အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ခွဲ၀င်များဖြစ်သော ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးသိန်းဇော် ၊ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မိုးမိုးအေး၊ ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ တာ၀န်ရှိ ရဲတပ်ဖွဲ့၀င် များ၊ ပြည်နယ်သစ်တောဦးစီးမှူး၊ ပြည်နယ်သတ္တုတွင်းဦးစီးဌာန၊ ပြည်နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှပြည်နယ်ဦးစီးမှူးတို့က မိမိတို့ဌာနဆိုင်ရာ အသီးသီး၏ ဆောင်ရွက်ချက်များနှင့် ပြည်သူတို့သိသင့်သိထိုက်သော ဥပဒေပညာပေးကိစ္စရပ်များကို ဟောပြောကြပြီး ပြည်သူများကသိလိုသည်များကို မေးမြန်းကြကာအခမ်းအနားကို မွန်းလွဲ(၁၂:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)