ဘားအံ၊ ဇူလိုင် ၈ ရက်

(၈.၇.၂၀၁၉) ရက်နေ့ နံနက်(၉:၀၀)အချိန် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှု လက်မှုပညာသင်တန်းကျောင်း(ဘားအံ) သင်တန်းခန်းမ၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia Japan(BAJ) တို့ပူးပေါင်း၍ ဆောက်လုပ် ရေးသင်တန်းအမှတ်စဉ်(၁၀)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၀)၊ မော်တော်ယာဉ်/စက်ပြင် သင်တန်း အမှတ်စဉ်(၉)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၈) သင်တန်းများဖွင့်ပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ BAJ မှ တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
