အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုပေးပွဲနှင့် ဟောပြောပွဲအခမ်းအနားတက်ရောက်

ဖာပွန်၊ ဇွန် ၂၆ ရက်

       (၂၆.၆.၂၀၁၉) ရက်နေ့ နံနက်(၉:၃၀)အချိန် ဖာပွန်မြို့နယ်၊ အ.ထ.က(ဖာပွန်) ပညာရတနာခန်းမ ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုပေးပွဲနှင့် ဟောပြောပွဲအခမ်းအနားတွင် ဖာပွန်မြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေ အရာရှိ ဦးအောင်သက်ခိုင်မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၂၁ နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်နိုင်သည့် အခြေအနေများ၊ မိမိကိုယ်တိုင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့်မပတ်သက်၊ မစပ်ဆိုင်သော်လည်း ယင်းဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုခံရနိုင်သည့် အခြေအနေများအား ဥပဒေများဖြင့် အသိပညာပေး ဟောပြောခဲ့ရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်အတူ လူအင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)