အလှူငွေနှင့်ထောက်ပံ့ပစ္စည်း ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

ဘားအံ၊ ဩဂုတ် ၂၀ ရက်

       (၂၀.၈.၂၀၁၉)ရက်နေ့ ညနေ(၃:၀၀)နာရီအချိန် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေနှင့်ထောက်ပံ့ပစ္စည်း ပေးအပ်လှူဒါန်းပွဲကို ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)