အမျိုးသမီးများနှင့် သက်ငယ်မုဒိမ်းအန္တရာယ် ကာကွယ်ရေး ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားကျင်းပပြုလုပ်

မြဝတီ၊ ဩဂုတ် ၂၀ ရက်

       (၂၀.၈.၂၀၁၉) ရက်နေ့ မွန်းလွဲ(၁:၀၀)အချိန် မြ၀တီမြို့နယ်၊ ဖလူးကြီးကျေးရွာ ၊ အ.လ.က ကျောင်း၌ အမျိုးသမီးများနှင့် သက်ငယ်မုဒိမ်းအန္တရာယ် ကာကွယ်ရေး ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားတွင် မြ၀တီခရိုင်ဥပဒေရုံး၊ ခရိုင်ဥပဒေအရာရှိ ဦးစောသိန်းဖေမြင့်မှ ပါဝင်ဟောပြောခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာများ၊ ကျောင်းသား/ ကျောင်းသူများတက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)