ဘားအံ၊ ဒီဇင်ဘာ ၉ ရက်

(၉.၁၂.၂၀၁၉) ရက်နေ့ နံနက်(၁၀:၀၀)အချိန် ဘားအံမြို့၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ လျှပ်စစ်ဓါတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏(၅၀)ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်၊ ဦးစောချစ်မြင့်လေးက လျှပ်စစ်ဓါတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏(၅၀)ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ် မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
