နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၅

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် International Committee of the Red Cross(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephan Sakalian အား ယနေ့ နံနက် ၁၀:၃၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များ၊ အထူးသဖြင့် မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များ ပါဝင်လက်မှတ် ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဥပဒေအရာရှိ များအတွက် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ဥပဒေနှင့်စပ်လျဉ်းသည့် အရည်အသွေး မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ICRC နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာ သီတာဦးတို့ တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
