နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၇

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes အား ယနေ့ မွန်းလွဲ ၁၄:၀၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နော်ဝေနိုင်ငံသံရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်လာမှုများနှင့် ယင်းဖြစ်စဉ်တွင် နော်ဝေနိုင်ငံဘက်မှ ကူညီဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သီတာဦးနှင့် ညွှန်ကြားရေးမှူး ဦးဆန်းလင်းတို့ တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
