ဘားအံ၊ ဖေဖော်ဝါရီလ ၂၈ ရက်

(၂၈.၂.၂၀၂၀)ရက်နေ့ ည(၇:၀၀)အချိန် ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်ရိုးရာယဉ်ကျေးမှု အနုပညာ နှီးနှောဖလှယ်ပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေးနှင့် ရုံးအဖွဲ့မှူး ဦးညီညီလွင်တို့ တက်ရောက်ခဲ့ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ ကရင်ပြည်နယ်ရှိ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်နှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
( သတင်းစဉ် )
