ဘားအံ၊ ဧပြီလ ၇ ရက်

(၇.၄.၂၀၂၀)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန် ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးအရှေ့၌ ကရင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် ရထိုက်အင်တာနေရှင်နယ်(လ်)ဟိုးဒင်းဂရု(ပ်)ကုမ္ပဏီမှ ကရင်ပြည်နယ် အစိုးရအဖွဲ့ထံ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်းသတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
