နေပြည်တော် ၊မတ်လ ၁၉ ရက်
၁။ တရားလွှတ်တော်ရှေ့နေများကောင်စီတွင် တရားလွှတ်တော်ရှေ့နေများ ပိုမိုကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်နိုင်ရန် ၁၀-၆-၂၀၁၉ ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဖြင့် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်ခဲ့ပါသည်။
၂။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေ ပုဒ်မ ၅ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၃-၉-၂၀၁၉ ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ၆-၄-၂၀၂၀ ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ ထုတ်ပြန်ခဲ့ပါသည်။
၃။ တရားလွှတ်တော်ရှေ့နေများကောင်စီသည် အဆိုပါနည်းဥပဒေများ၊ နည်းဥပဒေ ၃၆ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၁၈-၅-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
၄။ အထက်ပါ အက်ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် ကျင်းပရန် လျာထားပါသည်။
၅။ သို့ဖြစ်ပါ၍ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိလေ့လာနိုင်ရန် အတွက် အောက်ဖော်ပြပါ Link များတွင် ဖော်ပြထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။
တရားလွှတ်တော်ရှေ့နေများကောင်စီ
အက်ဥပဒေ https://www.mlis.gov.mm/lsScPop.do?lawordSn=13062
နည်းဥပဒေများ https://www.mlis.gov.mm/lsScPop.do?lawordSn=14253
လုပ်ထုံးလုပ်နည်းများ https://www.mlis.gov.mm/lsScPop.do?lawordSn=14352
