တရားလွှတ်​တော်ရှေ့နေများကောင်စီရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်၊ နေရာနှင့် အချိန်တို့ကို ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တရားလွှတ်တော်ရှေ့နေများကောင်စီ

​ကြေညာချက်အမှတ် ၁/၂၀၂၀

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက်)

တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲ ကျင်းပမည့်

နေ့ရက်၊ နေရာနှင့် အချိန်တို့ကို ကြေညာခြင်း

          တရားလွှတ်​တော်ရှေ့နေများကောင်စီသည် တရားလွှတ်တော်ရှေ့နေများ​ကောင်စီ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာနည်းဥပ​​ဒေများ၊ နည်းဥပဒေ ၄ နည်းဥပဒေခွဲ (က)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၄ ရက် (၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂ ရက်၊ တနင်္ဂနွေနေ့) နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအတွင်း သတ်မှတ်ထားသည့် မဲဆန္ဒနယ်များတွင် တရားလွှတ်​တော်ရှေ့နေများကောင်စီရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

     အတွင်းရေးမှူး

                       တရားလွှတ်​တော်ရှေ့နေများကောင်စီ