ပြည်ထောင်စုရှေ့နေချုပ်သည် ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr. John Nielsen အား Virtual Meeting ဖြင့် လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၂၂

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr. John Nielsen အား ယနေ့မွန်းလွဲ ၁၅:၀၀ အချိန်တွင် Virtual Meeting ဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင်  ၂၀၁၆ ခုနှစ်၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံသံရုံး တို့အကြား တရားဥပဒေစိုးမိုးရေးအတွက် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာပါ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ Covid-19 ကူးစက်ရောဂါ ထိန်းချုပ်ကာလအတွင်း မဆောင်ရွက်နိုင်သည့် ၂၀၂၀ ခုနှစ်အတွက် လုပ်ငန်းအစီအစဉ်ပါ ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်မည့် နည်းလမ်းများ၊  ယင်းလုပ်ငန်းအစီအစဉ်အရ ပူးပေါင်းဆောင်ရွက်မည့် ဥပဒေသုတေသနပြုစုခြင်း၊ ဥပဒေရေးဆွဲခြင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဦးစီးဌာန အလိုက် ဘာသာရပ်ဆိုင်ရာ သင်တန်းများပို့ချရေး ကိစ္စရပ်များနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက် မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ကြပါသည်။

                                                                                                (သတင်းစဉ်)