ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဘားအံ၊ စက်တင်ဘာလ ၁၄ ရက်

(၁၄.၉.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး Talk Show အစီအစဉ်တွင် ဘားအံမြို့နယ်ဥပဒေရုံး၊ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်နန်းသဲအိမ်သူထွဋ် တက်ရောက်ပါဝင်ပြောကြားခဲ့ရာ ဘားအံခရိုင်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေး၊ အမှတ်(၁၀)ယာဉ်ထိန်းရဲ၊ ဒုတပ်ဖွဲ့ခွဲ၊ အမှတ်(၇၀) ယာဉ်ထိန်းရဲ တပ်ခွဲစုဘားအံမှ ရဲအုပ်ဝင်းသန်းတို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)