ကော့ကရိတ်၊ စက်တင်ဘာလ ၁၁ ရက်

(၁၁.၉.၂၀၂၀)ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲတွင် ကော့ကရိတ်မြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေ အရာရှိ ဒေါ်အင်ကြင်းဦး တက်ရောက်ပါဝင်ဆွေးနွေးခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦး၀င်းရှိန်၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်တင်တင်ဦးတို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
