နေပြည်တော်၊ အောက်တိုဘာ ၁၅

ယနေ့ မွန်းလွဲ ၁၅း၀၀ နာရီ အချိန်က ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အရာထမ်း/ အမှုထမ်းများအား Covid ကာလအတွင်း ရွှေဘို ပေါ်ဆန်း ၆ ပြည် ၁ အိတ်နှင့် စားဆီ ၁ ပိဿာတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ အရာထမ်း/ အမှုထမ်းများကိုယ်စား သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက လက်ခံရယူခဲ့ပြီး၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
