တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများ၏ လုပ်ငန်း ဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းခေါင်းစဉ်ဖြင့် Online ဆွေးနွေးပွဲတက်ရောက်

ဘားအံ၊ ဒီဇင်ဘာ ၈ ရက်

 

(၈.၁၂.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် ကရင်ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေး ခန်းမ၌ တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများ၏ လုပ်ငန်း ဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းခေါင်းစဉ်ဖြင့် Online ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲမှ အဖွဲ့ခေါင်းဆောင် ဦးစောပီဖိုးနှင့် အဖွဲ့ဝင် ဦးစထွန်းအောင်တို့  ပါဝင်ဆွေးနွေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများနှင့် IDLO မှ ဦးဇော်မင်းနောင်တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 (သတင်းစဉ်)