(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်

မြဝတီမြို့၊ ဖေဖော်ဝါရီ ၁၂ ရက်

(၁၂.၂.၂၀၂၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် မြ၀တီခရိုင်၊ မြ၀တီမြို့၊ သောင်ရင်းခန်းမ၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ မြ၀တီခရိုင်ဥပဒေအရာရှိ ဦးစောသိန်းဖေမြင့် တက်ရောက်ခဲ့ရာ မြ၀တီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)