မြဝတီ၊ ဇွန် ၉ ရက်

၉.၆.၂၀၂၁ ရက်နေ့ နံနက် ၁၀ နာရီက မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဦးစိန်သောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးစောသိန်းဖေမြင့်၊ မြဝတီခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံ:မှ ခရိုင်ဦးစီးမှူး ဦးရဲဇင်လတ်၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးထွန်းတို့က အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
