ပြည်ထောင်စုရှေ့နေချုပ်ရုံးမိသားစု၏ (၁၆)နှစ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊   ဇူလိုင်  ၁၄

ပြည်ထောင်စုရှေ့​နေချုပ်ရုံးမိသားစု၏ (၁၆)နှစ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉း ၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပါသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်များက ပျဉ်းမနားမြို့၊ စည်တီးကျောင်း ဆရာတော် ဘဒ္ဒန္တအင်္ဂီသ ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပါသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး၊ စည်တီးကျောင်း ဆရာတော်ထံမှ အနုမောဒနာ တရားတော် နာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပါသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

(သတင်းစဉ်)