မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ဘားအံ၊ အောက်တိုဘာ ၁၅ ရက်

၁၅.၁၀.၂၀၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဘားအံမြို့နယ်၊ မိုးလုံလေလုံအားကစားရုံ၊ ဇွဲကပင်အဆင့်မြင့်အားကစားကွင်း၊ လှာကမြင်ကွက်သစ်အတွင်း ကျင်းပသည့် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)