လှိုင်းဘွဲ့၊ နိုဝင်ဘာလ ၂၁ ရက်


၂၁.၁၁.၂၀၂၁ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန် လှိုင်းဘွဲမြို့နယ်၊ သံဃာနာယကအဖွဲ့၏ သြဝါဒကိုခံယူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများ စုပေါင်းဆောက်လုပ်ထားသော “ လှိုင်းဘွဲမြို့နယ်အောက်ဆီဂျင်စက်ရုံ” ဖွင့်ပွဲအခမ်းအနားနှင့် ၂၁.၁၁.၂၀၂၁ ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန် သမ္ဘာန်စိုက်ပျိုးပညာပေးရေးစခန်း၊ သမ္ဘာန်ကျေးရွာ၊ လှိုင်းဘွဲမြို့နယ်ရှိ ရေကြီး နစ်မြုပ်ခံ မိုးစပါးတောင်သူများအား ဆောင်းသီးနှံအတွက် ” ယူရီးယားမြေသြဇာ ထောက်ပံ့ပေး အပ်ပွဲအခမ်းနား ” များသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
