ကော့ကရိတ်၊ နိုဝင်ဘာလ ၂၄ ရက်

၂၄.၁၁.၂၀၂၁ ရက်နေ့ နံနက် ၀၈:၀၀ နာရီ အချိန်တွင် ဆောက်လုပ်ရေး၀န်ကြီးဌာန၊ တံတား ဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၄)၏ ၂၀၂၀ – ၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသော ထီလုံ-တာပေါင်-ပတ-နဘူး၊ ကော့ကရိတ်(တံတားကျိုး) လမ်းပေါ်ရှိ ပတတံတားသစ်ဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
