အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဒီဇင်ဘာလ ၁၂ ရက်

၁.၁၂.၂၀၂၁ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန် ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်သည် ကရင်ပြည်နယ်အမျိုးသမီးကော်မတီနှင့် လူမှု၀န်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ” အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ” အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)