အဆောက်အဦ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဒီဇင်ဘာလ ၁၂ ရက်

၁၂.၁၂.၂၀၂၁ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန် ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်သည် ၂၀၂၀ – ၂၀၂၁ ခုဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်သည့် စုပေါင်း၀န်ထမ်းအိမ်ရာ RC (၄)ခန်းတွဲ(၄)ထပ် အဆောက်အဦ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)