(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကျပန်းစကားပြော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား နှင့် အမျိုးသားအလွတ်တန်း ကလပ်ပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဘားအံ၊ ဖေဖော်ဝါရီလ ၉ ရက်

၉.၂.၂၀၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီမှ မွန်းလွဲ ၁:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်သည် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်သော ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာကဏ္ဍ (ထက်ဆင့်)တွင် ကျပန်းစကားပြော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ညနေ ၄:၀၀ မှ ၅:၀၀ နာရီအချိန်တွင် ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ကလပ်ပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား “ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား” သို့လည်းကောင်း တက်ရောက်ခဲ့ရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊  တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)