နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ(၁)နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုံဆွမ်း ဆက်ကပ်လှူဒါန်း ပွဲအခမ်းအနား

ဘားအံ၊ ဖေဖော်ဝါရီလ ၁ ရက်

၁.၂.၂၀၂၂ရက်နေ့ နံနက် ၆:၀၀ နာရီအချိန် ဘားအံမြို့၊ အစည်းအဝေးခန်းမ(၃)တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် နေ့တွင်ကျရောက်မည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ(၁)နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်း အမှတ် အာရုံဆွမ်းဆက်ကပ်လှူဒါန်း ပွဲအခမ်းအနား နှင့် ညနေ၅:၀၀နာရီအချိန် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းတွင် ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်တောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှင်စောပုလမ်း(ကွန်ကရစ်လမ်း) ဖွင့်ပွဲအခမ်း အနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)