(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ နိဗ္ဗာန်စျေးပွဲတော်နှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြော၊ ပန်းချီပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ဘားအံ၊ ဖေဖော်ဝါရီလ ၁၀ ရက်

၁၀.၂.၂၀၂၂ ရက်နေ့ နံနက် ၉:၃၀နာရီအချိန်တွင် ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်သည် ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ နိဗ္ဗာန်စျေးပွဲတော်နှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြော၊ ပန်းချီပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ ရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)