ဘားအံ၊ ဖေဖော်ဝါရီလ ၁၄ ရက်


၁၄.၂.၂၀၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်သည် ဘားအံမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ကရင်ပြည်နယ် ကလေးအလုပ်သမားပေပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းကော်မတီတို့မှ ပူးပေါင်း ဖွင့်လှစ်သည့် “ အခြေခံကွန်ပျူတာသင်တန်း၊ အမျိုးသားဆံပင်ညှပ်သင်တန်း၊ အခြေခံစက်ချုပ် သင်တန်း” များ၏ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ကရင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
