နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit on International Criminal Justice) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန်လ ၂၃ ရက်


နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့(Special Unit on International Criminal Justice)၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉:၃၀ နာရီ အချိန်တွင် ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး မှ အမှာစကားပြောကြားရာတွင် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit on International Criminal Justice)ကို ယခင်က နိုင်ငံတော်သမ္မတရုံး၏ ၂၅-၁၁-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၁၁၂/(၂)/၈/ သမ္မတရုံးဖြင့် ဥပဒေရေးရာဝန်ကြီးဌာန၊ စစ်ဥပဒေချုပ်ရုံး နှင့်နိုင်ငံခြားရေးဝန်ကြီး ဌာနတို့မှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့ဝင် ၇ ဦး ဖြင့်ဖွဲ့စည်းခဲ့ပြီး ၁၉-၁၂-၂၀၁၉ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှအဖွဲ့ဝင်တစ်ဦးအား ပြောင်းလဲပြီးပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ၁၇-၃-၂၀၂၂ ရက်စွဲပါ စာအမှတ်၊ ၁၁၂(၂)/၈/ ကောင်စီ ရုံးဖြင့် “နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့(Special Unit on International Criminal Justice)”ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ပြင်ဆင်ဖွဲ့စည်းခဲ့သည့်အဖွဲ့တွင် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ခေါင်းဆောင်အဖြစ်ပါဝင်လျက် စစ်ဥပဒေချုပ်ရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့ဝင် စုစုပေါင်း ၁၅ ဦး ပါဝင်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံနှင့်အညီ အထူးအဖွဲ့အားဖွဲ့စည်းရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ကိုယ်စားလှယ်များ၏ အမည်စာရင်းတောင်းခံခဲ့ရာ ကိုယ်စားလှယ်များ၏အမည်စာရင်းများ အား လက်ခံရရှိခဲ့သဖြင့် ဥပဒေရေးရာဝန်ကြီးဌာနက ၂၇-၅-၂၀၂၂ ရက်စွဲပါ စာအမှတ်၊ ၄(၁၂)၁-၇၄/ နပတ(၁၇၃) ဖြင့် အထူးအဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်း၊ ထိုအဖွဲ့ကို အပြည်ပြည်ဆိုင်ရာဇဝတ်မှု ဥပဒေဆိုင်ရာကိစ္စဖြစ်သော အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (International Criminal Court-ICC)၊ အပြည်ပြည် ဆိုင်ရာတရားရုံး(International Court of Justice-ICJ)၊ Ad hoc Tribunal၊ လတ်တလော မြန်မာနိုင်ငံအပေါ် ဆောင်ရွက်လျက်ရှိသော အခြားဖြစ်နိုင်ခြေရှိသည့် ပြည်ပတရားရုံးများ၊ Independent Investigative Mechanism for Myanmar (IIMM)၊ FFM ၊ ICOE ၊ အပြည်ပြည် ဆိုင်ရာရာဇဝတ်မှုများဖြစ်သော Crime against Humanity၊ Genocide၊ War Crime နှင့် Crime of Aggression ၊ IHL အစရှိသည့်ကိစ္စများနှင့်သက်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆို ချက်များ၊ အမှု စီရင်ထုံးများ၊ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ လေ့လာခြင်း၊ သုံးသပ်တင်ပြခြင်း တို့အပြင် အခြားတစ်ဖက်၏ စွပ်စွဲချက်များ၊အရေးယူနိုင်ရေး ကြိုးပမ်းပြင်ဆင်နေမှုများ နှင့်သက်ဆိုင် သည့် သတင်းအချက်အလက်များကို ဥပဒေပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် အထူးအဖွဲ့ကို အထောက်အကူဖြစ်စေရန်အတွက် ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီး ဌာန၊ အပြည်ပြည်ပြည်ဆိုင်ရာဥပဒေ နှင့် အာဆီယံရေးရာဌာနခွဲ၊ ဌာန – ၂ ၊ ဌာနခွဲ (၄) အောက် တွင် နိုင်ငံတကာရာဇဝတ်မှုခင်းများဆိုင်ရာ ဥပဒေဌာနစိတ် (International Criminal Law Branch-ICLB) ကို ဥပဒေရေးရာဝန်ကြီးဌာန၏ ၃၁-၃-၂၀၂၂ ရက်စွဲပါ အမိန့်အမှတ်၊ ၉၉/၂၀၂၂ ဖြင့် ဖွဲ့စည်းထားရှိကြောင်း၊ နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ (Special Unit on International Criminal justice ) ၏ ToR (Term of Reference) လုပ်ငန်းတာဝန်များ ကိုလည်း ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များအရ အဆိုပါအထူး အဖွဲ့အနေဖြင့် နိုင်ငံတကာရာဇဝတ်မှုဥပဒေ၊ တရားစီရင်ရေးတို့နှင့်ပတ်သက်ပြီး အစိုးရ၊ တပ်မတော်၊ ဥပဒေ ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ပရှိ မြန်မာနိုင်ငံသံရုံးများ အပါအဝင် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများအပေါ် ဥပဒေရေးရာ သုံးသပ်မှုများ၊ အကြံပြုချက် များပေးရန်၊ နိုင်ငံတကာရာဇဝတ်မှုဥပဒေ၏ ဖြစ်ပေါ်တိုးတက်မှုများကိုလေ့လာ၍ ၎င်းတို့၏ မြန်မာ နိုင်ငံအပေါ် သက်ရောက်မှုများကို အစိုးရမှမျက်ခြေ မပြတ်စေရေး စောင့်ကြည့်လေ့လာသုံးသပ်ရန်၊ နိုင်ငံ
တကာဥပဒေအရ ဆောင်ရွက်ရန်လိုအပ်သည့်ကိစ္စရပ်များ၊ ၎င်းတို့နှင့် ဆက်စပ်သည့် မြန်မာနိုင်ငံ၏ စစ်ဘက်ဥပဒေအပါအဝင် အမျိုးသားဥပဒေများကို လေ့လာသုံးသပ် ပြီးလိုအပ်ပါက ရပ်တည်ချက် စာတမ်းများ၊ နိုင်ငံတကာဥပဒေဆိုင်ရာအကြံပြုချက်များ၊ သုတေသန ပြုချက်များကို ပြုစု ဆောင်ရွက်လျက် အထက်အဆင့် အဖွဲ့အစည်းများသို့ တင်ပြရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆောင်ရွက်မည့်အကြောင်းအရာများနှင့် လေ့လာဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)