မိုးစပါးစိုက်တောင်သူများနှင့် KNU/KNLA (PC) ငြိမ်းချမ်းရေးအဖွဲ့များအား ဆင်းသုခမျိုးစပါး (RS) နှင့် သဘာဝမြေဩဇာ ထောက်ပံ့ပေးခြင်း အခမ်းအနားတက်ရောက်

ဘားအံ၊ ဇွန် ၃၀ ရက်

၃၀.၆.၂၀၂၂ ရက်နေ့ နံနက် ၁၄:၀၀ နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပ ပြုလုပ်သော ” မိုးစပါးစိုက်တောင်သူများနှင့် KNU/KNLA (PC) ငြိမ်းချမ်းရေးအဖွဲ့များအား ဆင်းသုခမျိုးစပါး (RS) နှင့် သဘာဝမြေဩဇာ ထောက်ပံ့ပေးခြင်း အခမ်းအနား ” သို့ တက်ရောက်ခဲ့ရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ် ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ KNU/KNLA (PC) ငြိမ်းချမ်းရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)