ဘားအံ၊ သြဂုတ် ၁ ရက်


၁.၈.၂၀၂၂ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)၏ သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းအပတ်စဉ် (၃/၂၀၂၂) ” အခြေခံ ကွန်ပျူတာသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်းနှင့် ဆံပင်ညှပ်သင်တန်း ” သင်တန်းဆင်းပွဲ အခမ်းအနားသို့လည်းကောင်း၊ ၁.၈.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် မိတ်ဖက်အဖွဲ့အစည်း များမှ မျိုးဆက်သစ်ပရဟိတလူငယ်များဖြင့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
