ကရင်ပြည်နယ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု၊ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်း အမှတ် အခမ်းအနားတက်ရောက်

ဘားအံ၊ သြဂုတ် ၁၃ ရက်

        ၁၃.၈.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်ခန့်တွင် အထက(၁)ဘားအံ၊ မြသံလွင် ခန်းမဆောင်၌ ကျင်းပပြုလုပ်သော ကရင်ပြည်နယ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု၊ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်း အမှတ် အခမ်းအနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။