ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်  ၎င်း တို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာ ရေးနှစ်၊ ပထမသုံးလပတ်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားတက်ရောက်

ဘားအံ၊ သြဂုတ် ၁၆ ရက်

၁၆.၈.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်ခန့်တွင် ဘားအံမြို့နယ်၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်သော ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်  ၎င်း တို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာ ရေးနှစ်၊ ပထမသုံးလပတ်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။