သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

ဘားအံ၊ စက်တင်ဘာ ၁ ရက်

၁.၉.၂၀၂၂ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန် သုံးထပ်တိုးချဲ့ဆောင်အစည်းအဝေးခန်းမ၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့တွင် ကျင်းပပြုလုပ်သော ဖွင့်လှစ်မည့် ဆေးဘက် ကျွမ်းကျင်(၄) (ဓါတ်မှန်)၊ ဆေးဘက်ကျွမ်းကျင်(၄)(ဆေးစပ်)၊ စိစစ်ရေးမှူး(၄) (ဆေးမှတ်တမ်း) (၆)လ သင်တန်းဆင်းပွဲအခမ်းအနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)