သက်ကြီးရွယ်အိုများအားဒုတိယသုံးလပတ်လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား တက်ရောက်

ဘားအံ၊ စက်တင်ဘာ ၂၁ ရက်

၂၁.၉.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် ဇွဲကပင်ခန်းမ၊ ဘားအံမြို့တွင် ကျင်းပ ပြုလုပ်သော ဘားအံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)